ဝယ်စားလို့ အဆင်မပြေတဲ့ အခြေအနေမှာ မီးဖိုခန်းထဲ
ဝက်သားဆီပြန်လေး ချက် အရွတ်စုံ ဟင်းချိုလေးချက် မယ် ခေါင်းထဲ မှာစီရင်း
ကြက်သွန်လေးလှီး ခွီး .....မွှန်လိုက်တဲ
့ကြက်သွန် မျက်စိကစပ် ကြက်သွန်လေးဆီ သက် အသားလေးထဲ့  ဆီသက်ပီးရေလေးထည့်  ပီးရင် သူ့ဆီ ph ခေါ်ရမယ် … ကျောင်းခဏနားကတည်းက နေ့ နဲ
့ညလွဲ ….အော် ခုမှ
သတိရတယ် အ၀တ်တွေ လျှော် ရမယ် ညကြရင် မီးပူတိုက်
ကိုအတွေးလေးနဲ့  ကို အသားနပ်အောင်စောင့်ရင်း
အပြင်ကခပ်စိတ်စိတ် ကျနေတဲ့ 
နှင်းတွေ ကို ငေး အတွေး က အဝေးကိုလွင့်  သွားတယ်
................................................
သား အိပ်ယာထ မျက်နှာသစ် သွားတိုက် ..
သားသွားတိုက်ရင် ဟောလိုတွေမတိုက် ရဘူး
သွားပျက်စီးတက်တယ် မျက်နှာ သစ်ရင် လဲ
ဆပ်ပြာနဲ့  သေသေချာချာသစ် ပီး၇င် ဘုရားခန်းထဲ လာခဲ့  ဆွမ်းပွဲ တွေ သွာပြင်လိုက်
ဦးမယ်နော်

ငါကြော် ဆီဆို ငယ်ငယ်ထဲကပြန်ထွေးထုက် ငါးကြော်ဆို ငါးအကြီးဆိုမစား အစားအသောက် အတော် ရွေး တဲ့ ကျွန်တော် ....တကယ်တော့  အမေဆို တာ သာသမီးရဲ့  အကြိုက်
ကို အသိဆုံးတွေ လေ ....မူကြိုစထားတဲ့ ပထမနေ့ 
သားကိုလက်ဆွဲ ဆရာဆီအပ် လှည့် ပြန်မဲ့  အချိန် အမေနဲ့ ပြန်လိုက် ချင်လို့ တဆာဆာအော်ငိုနေ တဲ့ 
ကျွန်တော့် ကို ကြိမ်းမောင်းပီး ပြန်သွားတဲ့  အမေ
...ကျောင်းပြန်လို့ ကျောင်းနားက ခွေးဆွဲ ခံရပီး သွေးတစက်စက် နဲ့ ပြန်လာတဲ့  သားကို အပြေးလာပွေ့ ဖက် သားကို ကိုက်တာ ဘယ်ခွေးလဲ
မေးပီး ဒေါသတကြီး လိုက်ရိုက်တက်တဲ့  အမေ ......အဲ့ အချိန်တွေ မှာ အဖေက
ကုန်ရောင်းကုန်ဝယ်တွေ နဲ့  မိသားစုအရေး တွေ
တကယ် တော့  သူ့ စိတ်ထဲ မှာ ငါ
့သားလေးတွေ ဆိုပီး....
ဒီလို နဲ့  စာလိုက် နိုင်တဲ့  ကျွန်တော့် ကို
အသက်လိမ်ပီးကျောင်းတက်ခဲ့ လို့ ခုချိန်ထိ
မွေးသကရာဇ် က နှစ်ခု ဖြစ်ပါ လေရော ......
လေးတန်းနှစ်မှာ အဖွားဆုံး လို့ သတင်းမကြားပဲ
အိမ်မက်မကောင်းလို့ ဆို ပီး ပြန်လာတဲ့  အဖေ
အိမ်ရောက်ရောက် ချင်း အမေ့ မျက်နှာ မမြင်လိုက်ရလို့  ည ၁၀ လောက် ဘယ်သူ့မှ မပြောပဲ သားကိုတိတ်တိက်လေးခေါ် သူ့ အမေ မြေပုံ ရှိတဲ့  သုသန် ကို ကို
သွာကြည်တဲ့အချိန်က ရေးတေးတေး
ပုံရိပ်တေ.......သြော် အကြောက်တရားဆို တာ ဘာမှန်းမသိသေးတဲ့  ကလေးဘ၀....
အလယ်တန်းရောက် တော့  ရွာမှာ အလယ်တန်းကျောင်းမရှိ ၈မိုင်လောက်ဝေးတဲ့  အလက (မအူ)ဆို တဲ့ 
ကျောင်းကိုတက် မိုးရွာတဲ့ ရက် ဆို
စက်ဘီးစီးမရလို ခြေ ချင်တက်ရတဲ့ ရက်တွေ ကမနဲ .........ဒီလိုနဲ့  ၈ တန်းရောက်
ကျေင်းအချိန်ပိုတက် ရတဲ့ ၀ါဆို လရဲ့ စနေနေ့ တနေ့  မနက် ၉
နာရီလောက် ကောင်းကင်တစ်ခုလုံး ရဲ နေတယ် မီးခိုးတွေ ကြောင့် လားမသိ ကျောင်းအပြင်ဘက် မှာ ပြာမှုံလေးတွေက နှင်းကျ သလို
ကျောင်းသားတွေ အပြင်မထွက် နဲ့ လိုက်တားနေတဲ့
အချိန် ရွာဘက်ကို မျှော် ကြည့် လိုက် တော
့ မီးခိုးလိပ်တွေ
မသိစိတ်ရဲ့ စေ့ဆော်မှူကြောင့် လားမသိ ပုံမှန်ဆို ၁နာရီ လောက် စက်ဘီးစီးရတဲ
့ ခရီး နာရီဝက်တောင် ကြာလိုက် သည် မထင် …… အော်ငစ်ငိုကြွေးနေတဲ့  အသံ ၊ပေပါ တွေ ၀ါးလုံးကွဲ သံတွေ ဆူညံနေ နှင်
့ပီ...
ဖေဖေက အိမ်မှာ မရှိ အမေတစ်ယောက်တည်း......အမေအရင်းလိုချစ်တဲ
့အဒေါ်က လည်းအိမ်မှာမရှိ မြို့တက်
ပီးဈေးဝယ်နေလေ ရဲ့  ...ကျွန်တော်နဲ့ အဒေါ် နှစ်ယောက် ပဲ သိတဲ့ အရေးကြီးပစ္စည်း နဲ
့စာရင်းဇယားတွေ ....မီးခိုးတွေ ထဲ လိုက် ရှာနေမိတယ် မေမေ..မေမေ တဆာဆာနဲ့
အဲ့ဒီအချိန် မှာ ဘယ်သူ့ မှ လဲ လိုက် မေးမ ရ
....မီးခိုးတွေ ကြားထဲ .သေတ္တာ လေးပေါ် ငူငူလေးထိုင်နေ တဲ့  အမေ... သားကို
မြင်တော့  မှ ရှိုက် ကြီးတငင် ငိုလိုက်တာ .............................ခုချိန် မှ
ပြန်တွေ မိရဲ့  ဒီလောက် လေးတဲ့ အရာတွေ ဘယ်လို သယ်လာပါလိမ့်  လို့ .....မြို့တက်
ဆိုင် ကယ်ဝယ်ဆို ထွက် သွားတဲ့  အဖေက ပြန်လာပီး သူ့ အမေကိုနှစ်သိမ့်  ...ငါတို့ မှာ
အရင်းအနှီးလေး ၄ ငါးဆယ် သိန်းကျန်သေးတာပဲ ဘာမ အားမငယ်နဲ့ တဲ့  ..ဒါပေမဲ့ သူုမျက်
နှာမှာ တော့  ၀မ်းနည်းရိပ်လေးသမ်းနေတာ ကျွန်တော်မြင် မိတယ်
....တရွာလုံးလောင်တဲ့မီး ဘယ်ဘ၀က အကုသိုလ်
ကြွေးလဲ တော့ မသိ ....ခုချိန်ထိမှက်မိနေ သေးတဲ့ နှစ်ထပ် ပျဉ်ထောင် အိမ်လေး
…. ပန်းပင်ဆို အနုအရွ ပြု စု တက်တဲ့ အဘိုးရဲ့  ပန်းပင်တွေ ..
အိမ်ရှေ့ က နွေရာသီ ဆို အ၇ိပ်ပေး ဆောင်းရာ သီဆို အနွေးဓါတ်
ပေးတဲ့ နှစ် တရာလောက် ရှိပီဆို တဲ့ မန်ကြီးပင် ကြီး ...အိမ် ထဲ မှာ ဘိုးဘေးတွေ ဆီက
အမွေ ရတဲ့ ရာဝန်အိုးတွေ ..ခုချိန် ထိ
သုံးလို့ရနေ သေးတဲ့ ဓါတ်ဆက် .အဘိုးရဲ့  အဖေ အမြဲ တမ်းနားထောင် တဲ့ လေဒီယို ကြီး
..သူ့ ခေတ် သူ့  ခါ ကတော့  သူလဲ ဆရာတပါးထင် ပါ ရဲ့ ..အစီအရီထားတဲ့ ဖေဖေမေမေ တွေ ရဲ့ 
မဂ်လာဦး ဘီဒိုနဲ့ မဂ်လာဦးပစ္စည်းတွေ
...အနှမြောဆုံးကတော့  ဘယ်တော့ မ ပြန်မရနိုင်တော့ တဲ့ မင်္ဂ လာဦးဓာက် ပုံတွေ ငယ်ငယ်
အလှူ တုန်းက video မှတ် တမ်းတွေ
....အဘိုးရှိစဉ်အခါက အမြဲဖက်လေ့ ရှိတဲ့စာအုပ်စဉ် ကြီး…ငွေတာရီ၊ တို့ ကျေးရွာ၊ သံရုံးတွေကတောင်းထားတဲ့ english magazines ၊နေ့စဉ်သတင်းစာအဆုံး……အဲ့ဒီ စာအုပ်တွေကြောင့်  ဆိုရှယ်လစ် ၊ကွန်မြူနစ် စနစ်က လူနေမှူ့
့ဘ၀တွေ ကို ငယ်ငယ်ကတည်းက ရင်းနှီးခွင့် ရခဲ့ သည်…ခုချိန်လွယ်လွယ်ပြန်ရှာဖို့ မလွယ်တော့ တဲ့ အရာတွေ … မီးခိုးတလူလူထနေ
တဲ့ မီးလောင် ပြင် ရဲ့  အလယ် သိမ်းပေးမဲ့ လူမရှိလိုက် တဲ့ အဒေါ် ရဲ့ အိမ် နေရာလေး
....ဒီနေ ရာလေးထင် တယ် ဆိုပီး တူဝရီးနှစ်ယောက် သား တုက်တချောင်းနဲ့
ထိုးလှန်လိုက်တော့  မီးခံသေတ္တာ ..ဖွင့် ကြည့်တော့  အချပ်လိုက် လေးတွေ ကျွမ်းနေတဲ့
ထောင်တန် အုပ်လေးတွေ ..အရည်တွေ ပျော် လုံးနေတဲ့ ရွှေတို ငွေ စ ......ဒီလို နဲ့
ဘ၀ကို ပြန်စ ...စလုံးရေးစ ဆို တာ အဓိပါ ယ် အဲ့ အချိန် မပဲ သိခဲ့ ရတယ် ...
ရွာထဲ မှာလဲ တော်တော်နဲ့ နေ မရ မဲ့ အတူတူ ဆိုပီး အဖေ က
ရှိတဲ့ ရွှေလးရောင်း ရွာနဲ့ ကပ်ရပ်
ခြံအကျယ်ကြီးတ၀န်း ၀ယ်..အဲ အချိန် က ရွှေ ဈေးတစ်ကျပ်သား
၂သောင်း ၃ထောင်လောက်...ခုချိန်ထိ ပြန် ပြောင်းမနေ ဖြစ်တော့  ……..မေမေ ရယ် ရွှေ့ပါ လားဆို တော့  သားရယ် သစ်ရိပ်
ဝါးရိပ်နဲ့ နေလို့ကောင်းတယ် မပြောင်းတော့ ပါ ဘူးတဲ့ ......ဒီလို နဲ့ အထက်တန်းရောက်လာတယ် ...သားအမေတို့ နဲ့ နေ အမေ တို့  နဲ့ လုပ် ဆို သားဘ၀တိုးတက် မှာ မဟုက် ဘူး
သားကို အမေတို့  ပေးနိုင်တာ ပညာ အမွေ ပဲ တဲ့ .....ဒီလို နဲ့ရေစကြိုမြို့ကို ရောက်
...တောသာမြို့ေ၇ာက်ဆိုတော့ လဲ ကြောင်တောင်တောင် လေး ...မျိုးမတော်
သားမဆပ် ပဲ ငယ်ငယ်ကတည်းက အလည် ရောက်၇င် ထမင်းဝါးခွံ့
ကျွေးတက် တဲ့ မွေးစားအမေ ...သားဘာမ မပူနဲ့ အမေ တို့ ရှိတယ် သားစာပဲ ကြိုးစားဆိုတဲ့ အမေ.. ...အမေ ကတော့ အမေ
့အိမ် မှာပဲ နေစေ ချင်တယ် ဒါပေမဲ့ သားပညာ ရေးအတွက် ဆိုပီး အကို ၀မ်းခွဲ တစ်ယောက်
ရဲ့  ၀ိုင်းကိုထား…...ဒီလိုနဲ့  နေတော့ တအိမ် စားတော့
တအိမ်..အကို ရဲ့ အမေ.. ကြီးဥ ဆိုတာ လည်း အမေတစ်ယောက်လို ဖြစ်လာတယ် ... နောက် တော့
သူ့ အိမ်စားငါ့ အိမ်းစားနဲ့  လုနေလေ ရဲ့ ...ဖေဖေမေမေ ကလိုက်အပ်ပေးတဲ့ နေ့ 
ညနေစောင်းလေး..နယ်မြို့ တွေ ရဲ့ ပြရုပ် ဖြစ်တဲ့
မီး ..မီး မလာတော့ inverter
လေးရဲ့ မှိန်နေ တဲ့ အလင်းဖျော့ဖျော့ အောက်
အဖေတစ်ယောက် သူ့ သမီးလက် ကို ဆွဲ ၀င် လာတယ်....ဒီမှာ ကျူရှင် ၀ိုင်းလေးဖွင်
့မယ် ကြားလို့ ကျွန်တော့် သမီးကို အပ်ချင် လို့ ပါ …..ထိုင်ပါ ခင်ဗျ.ထိုင်
ပါ အကို့ရဲ့ နှတ်ဆက်
သံ ..ကျွန်တော့် ရှေ့တည့်တည့်မှာ လာထိုင်တဲ့ သူ
့မျက်နှာလေး .....ဘယ်ချိန် တွေးတွေး အမှတ်
ရနေ ပါ သေးရဲ့ ..ဒီလို နဲ့အတူတူ နေ အတူသင် တွေ့ ပါ များလာတော့ ပိုအဆိပ်တက် လာသပေါ့  ....၂၀၀၅ ရဲ့ ၁၀ လပိုင်းလောက် ...ကျွန်တော် သချာ်
ဆက်မသင်ချင်တော့ဘူး ဆ၇ာ
ဘယ်ချိန်ဖြေဖြေ ၉၀ ကျော်နေ ပီ..အကို
အရင်းလို သင် .ဂရုစိုက် ပေးတဲ့ ဆရာလင်း ….သေချာ လား ငါ့ တပည်
့တဲ့ ..မပြည့် စုံတဲ့  family ၀ိုင်းလေးမှာ
တခြာဘာ သာတွေ အကုန်နီးပါးသင်ပေးတဲ့ အကို ၀မ်းကွဲ ဆရာဖြိုး ရဲ့ ..chem နဲ့ phy ဘက် အသားပေးဖြစ်လာ သည် ……….....ခုလို ချိန် ဒီဇင်ဘာ ရင်ကွဲ အောင် ခံစားခဲ့
၇တာ ဘယ်သူမ မသိခဲ့ ..နောက် ဆုံး bio
ဖြေပီး၇င် သူ့ ကို ဖွင့် ပြောမယ် ဆိုတဲ့  စိတ်ကူးလေး......လေထဲ ကတိမ်တွေ လို
အရောင် ပြယ်သွားလေရဲ့ ...စာမကျက် မိတော့
စာအုပ် သာရှေ့ ချ လို့..တစ်လလို
တစ်ပါက်လို တစ်ရက်လိုနဲ့ စာမေးပွဲ နေ့ ရောက် ….သချာ်နေ့ေ၇ာက် တော့ စာမေးပွဲ
ခန်းက ထွက် ဆရာဆီးမေးတယ် ဘယ်လို လဲ ငါ့ တပည့် တဲ့.. ၃မှတ်တန် တစ်ပုတ် မရဘူး ဆရာ .. ဘာမအားမငယ်နဲ့တဲ့ ၁၀၀ ဆိုတာ ကံပါ မရတာတဲ့ ဆရာ့ရဲ့
အားပေးသံ....နောက်ဆုံးနေ့  bio
အကျက် လည်းပျင်း အသဲ ကလဲ ကွဲ ကောင်းနေတဲ့ အရှိန်နဲ့ မဖြေနိုင်...ဒါပေမဲ့ အမေ
စိတ်ချမ်းသာအောင် ဟန်ဆောင် ပြုံးလေးပြုံး...မေမေ
သားပင် ပန်းနေ ပီ အိပ် တော့ မယ် ဆို ပီး အရာအားလုံကို မေ့  နှုတ်ဆက် ပွဲ တောင် မတက်ဖြစ်တော့ ....ဒါကတော့  အချစ်ဦးပဲ ဆိုပါ တော့
................ကျ ပီ လို့ ထင်နေတဲ့ ကျွန်တော်
အောင်စာရင်းထွက် တော့ ပါလာပါ ရဲ့ ..
ဝိုင်းက လူတွေ အားလုံး ၂ ဘာသာစီ...............ကို့ဘ၀လမ်းကြောင်းကို
လျှောက် တစ်ယောက်တစ်နေရာစီ..အဲ့ ဒီအချိန်ထဲ ကစခဲ့တဲ့ ၀ိုင်းလေး ..ခုတော့  သူ့ နာမည်ယောနသံဇင်ယော် တဲ့ ...
.jpg)
ညီလေး ကို့ တပ်ရောက်တာညီ လေးလား တဲ့ အကို ကဘယ်တပ် ..ကပစ ၂
...အော်ဟုက် ကဲ့ ဆို ပါ လာခဲ့ တာ အတူတူ ၈ယောက် , မကွေးတဖက်ကမ်း က မင်းလှ ခံတပ် ရှိတဲ့ မင်းလှ....တပ်ဝင်ဂိတ်
ကို ဖြစ် ဂေါ က်ကွင်း ဘောလုံးကွင်းဘေး ရဟက်ယာဉ် ကွင်းလေးဘေးက ရိပ်သာကို တွေ့ တော့ ….ဟာ အကို ကျွန်တော်တို့ နေ ရာ မှာ ဒီနေ ရာလားဆို တော့  ....ခဏစောင့် 
တဲ့ ရိပ်သာလေးကို ကျော် တောင်ကုန်းလေးဘေးက
ညစ်ထေးထေး အရောင် နဲ့  ငါးခန်းပါ တဲ့  ဘားတိုက် လေး......ဗျာ ဆို တဲ့  တလုံးပဲ
ဟရသေး ...လာခေါ်တဲ့ အကို က မဗျာနဲ့ 
ဒါတောင် ငါ တွန်းတွန်းတိုက်တိုက် ပြောထားလို့ 
plate
stand တေ refrigenator တွေ
ခုမ ရတာ တဲ့...မှန်ပါတယ် ရိပ်သာဘေးက နားနေဆောင်လေး projectile နဲ့ ထိုးရ တဲ့  ဘိလိယက်ခုံ ညဘက်အပန်းဖြေရင်
အော်ချင်ရာအော်ကြတဲ့ Karoate စက်လေးတစ်လုံး ဒိုက်စဉ်လေးတစ်စဉ်…skynet လေးတစ်လုံး internet
မပါ .ခုတော့  net တွေဘာတွေ ရနေပီလားမသိ .. ပြန်ရောက်ရင်
အကုန်ပြင်ခိုင်းထားပေးမယ် တဲ့ ....အကိုတွေ ဆိုတာ တကယ်တော့ ဘယ်နေရာရောက် ရောက် မားမားမက်မက် ရပ်တည်
ပေးတက်ကြတယ်လေ.............ဘယ်အပါတ်စဉ်မ ကျောင်ဆင်းဆင်းခြင်း
မတက် ရတဲ့  PC အိမ်တောင်
ခွင့် မရ လိုက် ပဲတက် ခဲ့ ရ ပါ ရဲ့  (ဗထူး)
ရှမ်းပြည်….ရှမ်းပြည် တောင်ပိုင်းရဲ့  တောတွေ ထဲ
ခြေရာတွေ ထပ်ခဲ့ အချိန်ေ ပါ့ ....အဝေးကလှမ်းမြင် နေ ရ တဲ့  ပင်းတရလှိုဏ် ဂူ ရှမ်းပြည် ရဲ့ ကျေးလက် ဒေသရွာငယ်လေးတွေ
...ကောက်ညှင်းပေါင်း ခေါပါတ်တို့ 
ရှမ်းခေါက်ဆွဲ တို့  စကြိုက် မိခဲ့ တဲ့ အချိန်......ကျွန်တော်တို့ အချစ်ဆုံး
ထွေးလေး ကတော့  ရှမ်းပြည် မှာ ပဲ ခေါင်း ချ နေခဲ့ လေရဲ့ .နှစ်စဉ်နှစ်တိုင်း
မင်းဆုံးတဲ့ နေ့ သူငယ်ချင်းတွေ မင်းအတွက် ကောင်းမှု ကုသိုလ် လုပ်ပေးဆဲ ပါ ...အဲ့
အချိန်က ကျွန်တော် တို့ အသက် ၂၀ ကျော် ၂၁ တွေ ………....ပြန်လာတဲ့
အချိန် ညီလေးတေ တပ်မှာ အရာရှိ မရှိ
ဘူး ခွင့် မယူပါ နဲ့ ဦးကွာ ဆို တဲ့
တက်ရေး ဗက စကားက ရင် ၀စောင့် ကန် သလို
အတွေး စတွေ ပျက် ..သက်ြန် တွင်းဘယ်မှာ
ကဲ မယ်အားထည့်  ထား တဲ့ အရာတွေက တပ် မဏ္ဍပ် ရဲ
့ အပေါ်မှာ ပဲ ကျဲ ချခဲ့ရလေရဲ့ ..မဆိုတက် ဆိုတက် ပတောက်တစ်မျက်နှာ တို့  ...ရှာပုံတော်မင်းသားကြီး
တို့  ဖြူနီပြာဝါ တို့ ပေါ့ ......အင်အား စစ်သည် နဲ့ GT မိန်းကလေး ၁၄၀၀
လောက် ရှိတဲ့ တပ် မှာ အရာ ရှိ အင်အားက ၃၀ ကျော်လေး .ဟိုတပ်တွဲ ပြည်တွင်း၊ ပြည်ပ ME
သမားနဲ့ ဆိုတော့ ရောက် တဲ့ အချိန် ၈ ယောက် ပေါင်းမ ရေး ၊ထောက် နဲ့ ၁၄ ယောက် လောက် ...သက်ြန်ကာလ လည်းပြီး
….
အဲ့ အချိန် ရည်းစားက လဲ ရှိနေ ပီဆို တော့  တပ်မှူးကို
သွားတွေ့  ...အဘ ကျွန်တော်တို့  ခွင့် ပြန် ချင်လို့ ပါ နှစ်ရက် လောက်
စောပြန်ချင်တယ်ဆို တော့ … တပ်ရေးဗက သွားခေါ်တဲ့ ...ပီးတော
့မင်းဒီကောင်တွေ အာ မခံ လားတဲ့ .....တားထားတာလဲ သူဆိုတော့  ရပါ တယ်အဘပေါ့ ...တကယ်တော့ ကို့ plan နဲ့ကို ရည်းစားဖြစ်ပီး တစ်ကြိမ် မှ မတွေ့ ရသေးတဲ့ ချစ်သူဆီ......အိမ် မှာ ၈
ရက် လောက်အမေ့ နားနေ အမေ သားစောပြန်ရမယ်..ဆိုတော့  ဘာမ ပြန်မပြော ပထမဆုံး
ခပ်စိမ်းစိမ်း ကြည့် ခံ ရတဲ့ အမေ့ မျက်နှာ .......ကောင်မလေးအကြောင်း ပြောထားမိတဲ့
အကိုက အမေ ကို ပြန်ပြောထားမှန်းမသိခဲ့ ...ငါ့ ညီရာ ရက်လဲ မရဘူး သူ
့ကိုရန်ကုန်ခေါ်တွေ့ လိုက် ကွာ တဲ့ ...ဟာမ ဖြစ်ဘူး သူ့ အတွက် စဉ်းစားပေးရမယ်လေ အကို
ရ ဆိုပီး ....တပ်ကို ပြန်မယ်ဆို ပီးအမေ့ကို လိမ် အိမ်က ထွက် ခဲ့ ပါ လေရာ
....လူကြီးဆို တာ မပြောပေမဲ့ ကို့ ထက် ပါးနပ် တဲ့ သူကို ...မသွားပါနဲ့  လို့ကို
့သားကို မတားရက် တော့  အိပ်ထဲက
သိန်းအုပ်လေး က ၃၀၀၀၀ ပဲချန် မကွေးရောက်ဖို့ လောက်ထားပီးနိုက် ယူထားလေရဲ့ 
....ရန်ကုန်သွားဖို့  ကားလက်မှတ် ၀ယ် မယ်ဆို ထုပ်တော့ မ ကိုလဲ သိတော့ တယ် ......တကယ်တော့ လူတစ်ယောက်
ရဲ့ ဆန္ဒ က သူလုပ် ချင်နေ ရင် ဘာနဲ့မတားလို့ မရ ကို ....ဇာက်ကားတွေ ထဲ က လို
အချိန်တွက် တခါ မရောက် ဖူးသေးတဲ့ ဧရာဝတီ
တိုင်းက မြို့ တော် ပုသိမ် ..ေ၇ွှဆီးဂုံ ဘုရား. ကန်သုံးဆင်
့.တောင်ပေါ်တွေ တံတားတဖက်ကမ်းက ဘုရားလေး....တွေ့ ရတဲ့ အချိန် ထက် ပြန် ရတဲ့ အချိန် က ရင် ခုန် ဖို့ အကောင်းသား..
လမ်းဒေါင့် လေးမှာ ချစ်သူကို နှုတ်ဆက် ကားပေါ်တက်
ထွက် လာတော့  ကားသာတစ်ခုခုဖြစ်ရင် တစ်ရက် နောက် ကျ မည် …တပ်မှူးက
တစ်ရက် နောက်ကျနေလို့တဲ့ .ph ဆက်တကြော်ကြော်ခေါ်နေတဲ့ တပ်ေ၇း ဗက မျက်
နှာ.... နောက်ထပ် တစ်ရက် နောက်ကျ လို့ တော့ အဖြစ် မခံ နိုင် ...ကို့ အပူနဲ့ ကိုယ်ကို
လည်ပတ်ခဲ့ တဲ့ အချိန် တွေ တောင် ပြန်
မစဉ်းစားနိုင် ရင်တမမ နဲ့ ...ရန်ကုန် မကွေးနောက် ဆုံးကားလေးမှီ မှ သက်ပြင်းချနိုင်တော့တယ်..အဲ့ ဒီအချိန်တွေ့ ပီးက တည်းက သူနဲ့ ပြန်တွေ့ ဖို့ကံက မျက် နှာသာမပေးတော့  ....သူနဲ့ပထမဆုံးနဲ့ နောက်ဆုံးတွေ့ ဆုံးခြင်း.. နောက်ထပ် ထပ်မတွေ့ ရတော့ တဲ့ ရည်းစားဦးပဲ
ဆိုပါ တော့ .....တကယ်တော့  ဖူးစာဆိုတာ ဖူးစာ ပါပဲ …………………………………………………………………
တပ်ရောက်ပြီး အလုပ်ထဲ မ၀င် ရသေးတဲ့ ကျွန်တော် တို့ ၈ ယောက်
တပ်မှူးက ခေါ်တွေ့ ..မင်းတို့ က ခုမ ရောက်တာဆိုတော့ ရုံကေ၇ှ့ ခြမ်းနောက်ခြမ်း ၈ ရုံ အသေးတွေ နဲ့  ဆို
၁၀ ရုံလောက် ရှိတယ် တစ်ခု ချင်းစီလေ့ လာဖို့  အချိန် နှစ်ပါတ်ရမယ်တဲ့ ..ရှေ့မှာချ
ပေးလိုက်တဲ့ စာအုပ် အထပ်…. gun တစ်ခု ချင်းစီရဲ့ progress
နဲ့  design
တေ..လိုတာတွေ တော့  စာကြည့် တိုက် မှာထုက် တဲ့ ...အေးအေးနေတက်တဲ့ ထုံးစံအတိုင်း
ဟို စက်မေး ဟိုဟာကြည့် ဒီဟာကြည့် ပေါ့  ..တပါတ် ပီးတော့  ရုံးကရဲ ဘော်လေးရောက်လာ
ပီး အရာ ရှိငယ်တွေ စက်ရုံမှူး ခေါ်တယ် ဗက
...နဲနဲ တော့ ထိပ်သွားတယ် ဘာလဲ ဟပေါ့ ...စာမေးတာ ကျောင်မှာ ပဲ ရှိတယ်ထင် တဲ့
ကျွန်တော်တို့  မျက်နှာငယ်လေးနဲ့ ...ကဲ
ဟို gun ရဲ့  part ဘယ်လောက်ရှိ
လဲ specification
လေးရွတ် ပါ ဦး ဟို diameter လေးက ဘယ်လောက်
effective range ကရော tolerance ကဘယ်လောက်ပေးလဲ
ကွ ...တစ်ပါတ်လောက် စာမေးပွဲ တွင်းပြန်ရောက်သွားသလိုလို ...ဆူလိုက်ဆဲ လိုက်ပေါ့ …. မင်းတို့ သောက်တလွဲ လုက်ရင် ငါတို
့ရဲ ဘော်တွေ ဘယ်လောက်ဒုက္ခရောက်မလဲ ပေါ့ ...မှန်လဲ မှန် ပါရဲ
့ သူတင် ကိုတင် ပစ်နေတဲ့ ချိန် gun
၇ပ်ရင် အသက်တစ်ချောင်း...ပြောင်းကွဲ ရင် ပစ်တဲ့ သူပါ အန္တ ရာယ်...ကျောင်းတွေ
မှာ သင်တဲ့ tolerance ရဲ့
အရေးကြီးပုံ ကို အဲ ဒီ မှ စသိတော့ တယ်.ဆရာဗမှူး ကိုနိုင်ဗိုလ်ထွေး အထပ်ထပ်မှာတဲ့  tolerance. …...နောက်နေ့ စာထွက်လာတယ် D ရုံရဲ့ အလုပ်ရုံ ခွဲမှူးတဲ့
အရာရှိနည်းတဲ့ တပ် တစ်ယောက် တစ်ရုံ ဆီ… ကို့ ကျတဲ့ ရုံကို
သွား..ပထမဆုံးမိတ် ဆက် တော့ တုန်တုန်ရင်ရင်...အသက် ငါးဆယ်နီးနီး ရှိတဲ့ RSM ကြီးရောက်လာ
ပီး ဗက ထိုင်၇မဲ့ စားပွဲ တဲ့ ...ပီးတော့ ပစ္စည်းထုပ်ဖို့ စလစ်တွေ ...
ဟင် အရင် က ဘသူ့ သွားထိုးခိုင်းတုန်းဆို တော့  ရှိတဲ့
အရာရှိလိုက် ရှာ ထိုးခိုင်းရတာ မတွေ့ ရင် ပစ္စည်း မထုပ်ရဘူး တဲ့ ခုတော့  ကို
့ရုံနဲ့ ကို ဆိုတော့  အဆင်ပြေသွားတာပေါ့  တဲ့ ....နောက် မ သိရတာ က ကို့ လည် ပင်း
ကြိုးကွင်းစွပ်မဲ့ လက်မှတ်တွေ....တစ်ရက်
နှစ်ရက် ဟိုရှောက်ကြည့် ဒီရှောက်ကြည့်  ပေါ့ 
.. စီမံရေးမှူးေ၇ာက် လာပီး မင်းဘာမ သူတို
့မပြင်ခိုင်းထားဘူးလား အ၀င်အထွက် စာရင်း daily progress တေ ပေးတော့  ပေးတယ် နားမလည်ဘူး
လို့ ပြောတော့  ..အေး ညနေ ငါ့ ရုံးက စောင့် တဲ့ ....ရုံထဲ မှာလုပ်နေ တဲ့ သူတွေ
မင်းအရင် ကဘေကမ္ဘာက သူတို့လုပ်တဲ့ အပိုင်းကောင်းကောင်းသိတယ်
မင်းတို့ေ၇ာက် ခါ စဆို ပညာစမ်းတက် တယ် ဘယ်တော့မ အဖြစ်မခံ နဲ့
မင်းဝင်လုက်စရာမလို ဘူး progress
ကို ကိုင် စနစ်တကျ ခိုင်းတက်ရတယ် ကွ ဆိုတဲ့ အသံ ..အကိုတစ်ယောက် စိုးရိမ်စိတ်
နဲ့ ဆဲ လိုက် ဆူလိုက် သင်ပေးခဲ့ တဲ့ တကယ့် လက်တွေ့  Management ....ငါ
့ကောင်လာဦး ဒီလက် မှတ်က မင်းလက် မှတ် လား ဆိုတော့ ဟုက်ကဲ့ အကို ..နှမပေးလေး
မင်းမဖက် ပဲ နောက် ခါ လက် မှတ် မထိုးနဲ့ gun တွေလိုနေ ရင် မင်းရော်မှာလား ..တခါထဲ jail ထဲ ရောက် သွားမယ်တဲ့ ....စက်ရုံမှူးက တွန်းနေ တယ် နောက်
ကျန်တာတွေ ဘယ်တော အပီး အပ်နိုင် မလဲ တဲ့ ..မီးမပျက်ရင်တော့ ဒီရက် ရမယ် ပြောပေမဲ့
လည်း တကယ်တမ်း ကို ပဲ နေ့ မအိပ် ညမအိပ်ရက် တွေ များခဲ့  ရတယ်...ဗက ခွင်
့ရက်တင်ချင် လို့ရှင့်  .....မင်းဒီလထဲ ဘနှရက် ရှိပီလဲ ဆို
တော မျက်နှာက တမျိုး ..နေမကောင်းလို့  ခွင့် နေ့ ဝက် တင် ချင်လို့ပါ ......ဘေးနားက ဆရာကြီး လာပါ ဦးဗျာ
မိန်မချင်းမေးခိုင်းစမ်းဗျာ ရုပ် ကအလက်ကြီး ပျက်တာတွေလဲ
များနေပီ သေလောက်မဲ့ ရောဂါ ဆိုရင် တော
့ပေးလိုက် ဗျာ ...အလုက် က ပိရတဲ့ ကြားထဲ ...CNC ကိုင်တဲ့ ဆရာလေးဖျားနေလို့ ဆေးခန်းလိုက် သွားတယ်.... အဲ
့စက် ကိုင်တက် တဲ့သူလဲ မရှိ ဘူး setting
က ချိန်းရမယ် အာ့ ဘလို လုက် ရမတုန်း ...အေးအေး ငါ လာခဲ့ မယ် ကွာ ...လာခဲ
့မယ်ကွာသာပြောလိုက်တာ 4th
year final year သင် ခဲ့ တဲ့ CNC
.,ထုံးစံအတိုင်းကျောင်း ပြေးကုန်တဲ့ စာတွေ ....ပြေးမြင်လိုက်တာ စက်တလုံးချင်းစီ data ထားတဲ့ စာကြည်
့တိုက် ..မလုက်တက်ဖူးလဲ မပြောချင် ....မှတ်မိသမျှ ရေးတေးတေးနဲ့ ရေးလိုက် တဲ့ program ...ကြိုးပါ လေရော tool
နှစ်ချောင်း ...ဘေးက ရဲ ဘော်လေးက မျက်နှာငယ်လေးနဲ့ ...တနေကုန် က လိလိုက်တော့
အဆင် ပြေသွား ပါ လေရော ..ရှိသမျှ uniform
လဲ မကပ်နိုင် မျက်နှာ နဲ့ လက်တွေ လဲ ဆီမဲ တွေ ..အဆောင်ပြန်ရေ မချိုး
အားသေး ကျိုးနေတဲ့ tool နှစ်ချောင်းထုပ်ဖို့ သွားတော့  store
ကိုင်တဲ့ ဆရာ က...ဗက CNC
tool တွေ က စက်ရုံးမှူးလက် မှတ် ပါ မထုပ်ပေးလို့ ရမယ် တဲ့ ....ဗျာ ဆိုတဲ့
တစ်လုံးပဲ ရွတ်နိုင်လိုက် တော့ တယ်...စက်ရုံမှူးရုံခန်း ပြေး ဘေးနားက ဆရာကို
မေးတော့  လူပျိုရိပ်သာစစ်လာတာ ဘာအလိုမကျ လို့ တင်းလာတယ်မသိဘူးတဲ့ ...မတက်နိုင်တော
့ တခါးခေါက် အလေးပြုဝင်လိုက်တော့  ကဲပြော ဘာသတင်းပို့ မလို့ လဲ တဲ့ ..ဘာ ဆိုတဲ့
မျက်နှာကြီး CNC tool တစ်စုံ က
ဘယ်လောက်ကျလဲ မင်းသိလား မင်းအမေ-ကရတာ
မဟုက်ဘူး $ လာနဲ့
မှာရ တာ ကွ အချောင်းတရာ တစ်စုံ ကို $
10000 လောက်ကျ တယ်ကွ ဘယ်နှချောင်းကျိုးလဲ ဆိုတော့ ...ရှုံ မဲ့မဲ့
မျက်နှာလေးနဲ့  နှစ်ချောင်း....ဟုက်လဲ ဟုက်ပေသကိုး အဲ့အချိန် က စီးပွားရေးပိတ်ဆို
့ထားလို့ တချို့စက်
က spare တွေ
မှာမရ ....မိသွားတာကတော့  အရာရှိငယ်တွေ အကုန်ခေါ် ကျွမ်းတဲ့ ဆရာတစ်ယောက်နဲ့ CNC
ပြန်သင်တဲ့ ....ဟူး ရုံးချိန် ပီးလို့ နားရမလား အောင့် မေ့ တယ် တစ်ခုက တိုးလာ ပါ လေရော...အဲ့အချိန်
ချစ်သူဆိုတာ ဘယ်နေမှန်းမသိ..ph
လေးနဲ့ အလွမ်းသယ်မလားအောင့် မေ့ ပါ တယ်..ဗလ ဘ၀က ပါ လာတဲ့ CDMA 450 လေး ...ကံက ဆိုးချင်တော့  ကမ်းရိုးတန်းတွေ ဘာတွေ တောင်လိုင်းမိတဲ့ Ph က မမိ
နောက်ကကုန်းလေးပေါ်တက်ပြန်ရင် လဲ မြွေ ကိုက် တာနဲ့ သေနေလောက်ပီ...မအားတဲ့ ကြားက ၁၅ မိနစ်လောက် ဆိုင်ကယ်လေးစီး PCo
လေးသွားဆက် ...အလုပ်မအားတော့လဲ သိပ်မသွားနိုင် ...မိုးရွာတဲ့ ရက်တစ်ရက် မိုးလေးဖွဲဖွဲ
ဆိုင်ကယ်စီးရင်းထီးဆောင်းလို
့အဆင်မပြေတော့  မိုးစိုစို ကြွက်ရုပ်သာသာလေး သူ့ ကို လွမ်းလွန်းတဲ့
စိတ်နဲ့ ph
သွားဆက် တော့  ..ချစ်ဘာလုပ်နေ လဲ ..korea ကားကြည့် နေတယ်
နောက်မ ပြန်ဆက် ပါ မောင်ရယ်တဲ့ ....ဘာမ ပြန်မပြောမိတော့  လှည့် ပြန်လာခဲ့ တော တယ်
..ဒီလိုဒီ လိုနဲ့ အဆက် သွယ်ကျဲလာတဲ့ နောက်ဆုံး ထုံးစံအတိုင်း အသဲကွဲ တယ်ပေါ့  ဗျာ ....ph မခေါ်ပါ နဲ့တော့ ဆိုတဲ့ သူ့ရဲ့ အသံ ....ဘာဖြစ်လို့ လဲ ဆိုတဲ
့မေးခွန်းတောင် ပြန်မမေးမိတော့ ....မခေါ်မိအောင် ကြိတ်မှိတ် အလုပ် ထဲ မှာ စိတ်
နှစ်ရင်း......နောက်တော့လဲ အသားကျ သွားပါ လေရော....ရည်းစားဦး ဆိုတော့ လည်း
စာမျက်နှာ ၁၅ လို တိုက်ဆိုင်မှူလေးတွေရှိရင်တော့
လဲ သတိရတက် ပါ ရဲ့ .. အဲ့အချိန်ထဲ က နောက်ထပ်လဲ မထားမိတော့
......................................................နောက်တစ်ပါတ်ထဲ
လူကြီးလာမယ် gun
လာစမ်းမယ်တဲ့ ..ဗက တို့ က အကဲ ကြည့် လိုက် ရမယ် +2 နဲ့ ..ခု GPS
နဲ့ theodolite သုံးနည်း
မေးထားပါ တဲ့ ..အကိုတစ်ယောက်ရောက် လာ တယ် ပစ္စည်း အပြည့် အစုံ နဲ့ မြေပုံ ချ မင်းက
ဘယ် Op. မင်းက
ဘယ် Op. သွား၇မဲ့ နေ့ လဲ ရောက်ရော ဗက
ထမင်းထုပ် မထည့်ဘူးလားတဲ့..........ဟင် ပြန်စားလို့ မရ ဘူးလားဆို
တော့  ဆိုင်ကယ်တောင်စီးမရ ဘူး ဗက ရေဘူး ၁၀ လီတာ လောက်သယ် ရဲ ဘော်နဲ့ သုံးယောက် သား theodolite ထမ်း မြန်မာပြည် အလယ်ပိုင်းရဲ့  ခြစ်ခြစ်တောက်
ပူနေတဲ့ နေရောင်အောက် တစ်တောင်တက် တစ်တောင်ဆင်း တောင်ကတုံး ရဲ့ ထိပ် Icon
လေးကိုင် ရထား ၇ထား ပေါ
့...တပါတ်လောက်နေတော့  နီဂရိုးရုပ်နည်းနည်း ပေါ က်လာ တယ် ...ဒါတောင် ပစ်တဲ့ ကျည် က
ကို့ ပေါ် မကျခဲ့ လို့ ......လူရုပ်မပေါ က်ဆိုတာ အဲ ဒါကို ပြောတာထင် ပါ ရဲ့
.....ပြန်ရောက်တော့ ဗက ရဲ ဘော်တစ်ယောက်
အရက် မူးပီး သူမိန်းမနဲ့ ရန် ဖြစ်နေ တယ် လာရှင်းပါ ဦးတဲ့ ..ဘယ်ရုံကတုန်းဆို တော့  ဗက ရုံက ကျော်စွာလေ
..အေး....နှစ်ယောက်လုံးခေါ်ခဲ့ ကွာ
....မိန်းမဖြစ်သူက ကျွန်မ သူ့ကို မပေါင်းနိုင်တော့ဘူး ဗက ကွာပေးပါ တဲ့ ...ဗျာ အဲ့ လို မလုက် နဲ့လေ ...ဟကောင် ငါ့ တပည့် လာဦး
ခင်ဗျားက ဘာတွေ သွားလုက်တုန်း ဆို တော့ ဂျိုစောင်းက
သွေးစက်က ကျလာတယ် ..ကျွန်တော်က အရက်လေးပဲ သောက်တာ ကို ဗျာ သူကဓါးနှောင့် နဲ့ထု တယ်ဗျ ကလေးတွေ ရှေ့မို့ 
ပြန်မလုက်ခဲ့ ဘူး....ဗက တပည့် ကလိမ်တာ မူးပီးရစ်နေလို့.......တစ်ယောက်တစ်ခွန်းနဲ့
နားတွေထဲလဲ ဆူးနေတဲ့ အသံသာကြားတော့ သည် .....မိသားစု
အကြောင်းဘာမ မသိသေးတဲ့ ကိုက လူပျိုအရာရှိ ....သတိဝင်လာတော့ ဘေးကဆရာကြီးခေါ် ဒီကောင်
့ကို ခေါ် ဆေးခန်းသွားဆေးထည့် ခိုင်းဗျာ ...
ကဲ ခင်ဗျား မပြေလည် တာ ပြော တော့ ...ကျွန်တော့် တပည့် ကိုလဲသချာ မှာထားမယ် ဗျာ အရက် မသောက် ဖို့........
ကလေးတွေ လဲ နှစ်ယောက် သုံးယောက် ဒီ အရွယ် ကြီးရောက်နေ ပီ...တဖြည်းဖြည်းနား
ချလာလိုက်တာ ...သူတို့ လေးတွေ ရဲ့ အဓိက problem က မလောက်ငတဲ့
လစာ ..သောက်စားတဲ့ အရာတွေ ..............တကယ်တော့ သူတို့  problem ကလဲ ကို့ Problem ပဲ လေ
မတက်နိုင်တက်နိုင် သလောက်တော့ ကူညီ မစပါ ရဲ့ .. တခါတလေ ပိုက်ဆံလေး ၃ ၎
သောင်းလောက်က သူတို့ အတွက် တော့ အခက်အခဲ အကြီးကြီး.........ညနေ ၇နာရီလောက်
ညဆင်းတဲ့ အလုက်သမားတွေ ၀င်စစ်ရင်း ဂိတ်က
ဆရာတစ်ယောက် ပြေးလာပီး ဗကတို့  ရိပ်သာက
ရဲဘော်လေး ညဆိုင်းမဆင်းခင် အရေးကြီးလို့
ပါ ဆိုပီးတောင်းတောင်း ပန်ပန် ပြောလို့ထွက် ခိုင်းလိုက် တာ ခု ၇ နာရီ ကျော်နေ ပီ
ပြန်မရောက်သေးဘူး ..ဟေ ဘယ်သွားမယ်ပြောသွားတုန်း ..အဲ့ ဒါလဲ မသိဘူး ဗက ..အေး မင်း ဂိတ်တာဝန်ခံ ပီး၇င် ငါ
့ဆီလာ သတင်းပို့ .. ခုလိုက်မေး အဲ့
ကောင်ဘယ် သွားတုန်းလို့ .....သူ့ ကောင်မလေးနဲ့ ချိန်းထားတယ်ပြောတယ် ဗက ...ရမလားကွ အလုက်ချိန် ကြီး
..မရှေးမနှောင်း မှာပဲ ကို့ ဆရာပြေးလာပီး
ဗက လုက်ပါ ဦး ကောင်မလေးက ဘယ်လိုပြန်လွှတ်လွှတ် မပြန်တော့ဘူး ဗက ငိုပဲ ငိုနေတယ် တဲ့...ဟေ မင်းဘာသွားလုက်လိုက်တုန်း ဟ ဆိုတော့ ရယ်ကြဲကြဲ
မျက်နှာ နဲ့ဆူရခက် ဆဲ ရ ခက် ...ကဲ ဆရာကြီး သူနဲ့ လိုက် သွား ကောင်မလေးကို ချော့ မော့
ခေါ်ခဲ့ 
ကျွန်တော် လိုင်းထိပ်က စောင့် မယ် ဗျာ မျက်နှာ ပူပူနဲ့ ကောင်မလေးမိဘတွေ
နားချ အပ်ရတော့ မှာပဲ .....ကောင်မလေးက အမေ မရှိတော့ ဘူး ဗက ...အဖေ တစ်ယောက်တည်း
..အဖေက ဘသူတုန်း ဆရာကြီး --- ငါ
သိတယ်လာသွားမယ်ဆို ပီး .....မဂ်လာ
ပွဲလေးဖြစ်အောင်ဖန်တီးပေးပါ မယ် ဗျာ အာမတွေ အထပ်ထပ် ခံ ... ရိပ်သာပြန်ရောက် တော့
လူပျိုအရာရှိတေ ၀ိုင်းဆဲ ကြ တယ်....နှမ/ လေး နေတော့ လူပျိုရိပ်သာ မင်းတလွဲ လုက်တော့ လူပျိုအရာရှိတွေ
မြှောက်ပေးသလို ဖြစ်ဦးမယ်....မင်းရုပ်ရည်နဲ့ကွာ
.. ဆက်မပြောမိတော့ ....ကိုတွေးပေး၇ မှာ သူတို့ ရှေ့ ရေး................ဒီလ တိုက်စည်း
တက်၇မှာ ဗက အလှည့်  ...ပျော်တော့ ပျော်သွားတယ် ..ဘယ်ရက် အရောက်လဲ .......မန်းလေးနန်းတွင်းထဲ ကို ပထမဆုံး
နှံ့နှံ့ ဆက်စပ် ရောက်ဖူးခြင်းပေါ့  ..မေ၇ာက်ချင် မှအဆုံး မနက်တိုင်း pt ပြေး တိုင်းမှူးနေတဲ့ နန်းတွင်း...တခန်းထဲ နေ တဲ့  DSA ၄၈ ကအကို
တစ်ယောက် ညီလေး မင်း ဆိုင်ကယ်ပါ လား ပါ တယ်အကို ...သူ့ပါ တဲ့ ဒို တစ်စီး ကို့ ပါ တဲ့ cyclone တစ်စီး ....ဘယ်လည် မလဲ ညီလေးတဲ့ ...နေဦးခဏ ph ချိတ် မယ်ပေါ
့.....ဗလ ဘ၀ထဲ က ငယ်သူငယ်ချင်းလို ခင်တဲ့ သူငယ်ချင်း ၃ယောက် လှမ်းခေါ်တော့ ခု
မအားသေးဘူး ဆေးခန်းထိုင်နေ တယ်တဲ့ ...ရောက်လာ တော့ ဆိုင်ကယ်က တစ်စီးပဲ ရှိတယ် သုံးယောက်စီးလို့
အဆင်မပြေဘူး မိန်းကလေးတွေ ဆိုတော့ ....ရော့ ယူထားလိုက် တစ်စီး သင်တန်းတလျောက်လုံး
.ဆိုပီး ဟိုလိမ့် ဒီလိမ့် ပေါ့  ....မန်းလေးမှာကျောင်းတက်တဲ့ သူတွေ ဆို တော့ လဲ
နေ၇ာ စုံ ပါ့ ....ဘု၇ားကြီး ဥပိန် အဆုံး
အမရပူ၇ ဘက် က ထမ်းေ၇ဆိုင် တောင် ရောက် ဖူးသွားလေရဲ့ .....အခန်းက အကိုရဲ
့ဆွေမျိုးတွေ ရှိတဲ့ စကိုင်း..ကောင်းမှုတော် ဘု၇ားပွဲ နဲ့
တိုက်တော့ ပိုလို့တောင်လူစုံ.......ဖူးခဲ့ရပါ ရဲ့ စကိုင်းဘုရားတွေ........ကျုံးဘေးမှာ ထိုင်
သူငယ်ချင်းတွေ စုစကား ပြော ...ကိုလေးဖြူရဲ့  ဟိုတုန်းက မန်းလေးည ပေါ့ 
....ပြန်ခါနီး နှတ်ဆက် နန်းတွင်းထဲ ပြန်လာတော့ မင်းတို့ စောင့်နေတာ ၂နာရီလောက် ကြာပီ ph
လဲ ခေါ်မရတဲ့ ...ဘယ်ရမတုန်း အစကတည်းက သိလို့ပိတ် ထားသကိုး
....မင်းစာတမ်း တတိယ ရတယ် ..ဆုလက် မှတ်လာထုက် ဆို တော့ ကို က
ရုံးထဲသွား ကျန် ခဲ့ တာ အတူသွားလာနေတဲ့ အကို တစ်ယောက်တည်း
အဆူ ခံနေရလေရဲ့ ....senior
ရဲ့ ပြရုပ်တွေ လေ ကျောင်းမတူ ကွဲ နေပေမဲ့
တစ်စိတ်တည်းတ၀မ်းထဲ ................နောက်ဆုံး နှုတ်ဆက် ညီလေး မင်းနဲ့ ကို ဧ၇ာဝတီ
တံတား (မန်းလေး) မှာ လမ်းခွဲ မယ်တဲ့ .ဒီလိုနဲ့
လမ်းခွဲ ခဲ့တယ် .......နောက် Ph တွေ ချိန်းကုန်တော့ အဆက် အသွယ်မရတော့ ....အတူလည် ခဲ့တဲ့
သူငယ်ချင်းတွေ ခုချိန် မေးကြည့် တော့  နှစ်ယောက်တောင် အိမ်ထောင်တွေ ဘာတွေ ကျ
ကလေးတွေ ဘာတွေ ရလို့ ...တကယ်တော့  December
ဆိုတာအမှတ်တရတွေ စုနေတဲ့ လ ထင်ပါ ရဲ့
.....တပ်ပြန်ရောက် အသားလေးကျ မလို ဖြစ်တော့
ရုံးက ရဲ ဘော်လေးပြေးလာ ပီး.....ပြည်ပ သင်တန်းသွား၇မယ် ပြင်ဦးလွင် ကို
ဝင်ခွင် ဖြေဖို့....ME ဆက်တက် ဖို့  ၅ ယောက်ပါ တဲ့ ထဲ ကနှစ်ယောက်က တရုပ် လတို သင်တန်းတဲ့ ..ကျန်တဲ့ သုံးယောက်ထဲက အတူစားအတူ လာ ပေါင်းခဲ့ တဲ့  တစ်ယောက် ကျန်ခဲ့တယ်
..မိခင်တပ်ကို နောက်ဆုံး နှတ်ဆက် ထွက်လာခဲ့ တာ ခုချိန် ထိပေါ
့ ......ကျန်ခဲ့ တဲ့ သူငယ်ချင်းက မင်းတို့ မရှိတော့ ပျင်းတယ်ကွာ ငါ မိန်းမယူတော့
မယ်တဲ့ ....ရည်းစားတောင် မထားတက် တဲ့ သူ က မိန်မယူမယ်ဆိုတော့ မယုံ ချင်
...ဖိတ်စာမြင် မှယုံတော့  တယ် ..ငါ့ကောင်ကြီး အဆင်မပြေပါ့ မလား..ဘာရယ်မဟုက် စိတ်ထဲမှာတော့ နှမျောနေ
မိတာ တော့ အမှန် ..Language သင်တန်းနားတဲ့ ခွင့်ရက်လေးတပ်ကိုပြန်သတင်းပို
့..အဘကျွန်တော်တို့ ခွင်ပြန်တော့မယ်ဆိုတော့.အချိန်ကမိတ္တိလာအေ၇းအခင်း ပြီးခါစကာလ....မင်းလှဆိုတာလဲ မြို့ ကသာသေးတာ ဘလီက အကြီးကြီး ..တပ်က
+၉ နဲ့ မြို့ထဲလုံခြုံရေးယူနေရတယ်တဲ့…ခွဲစရာအရာရှိနည်းလို့သုံးရက်လောက် နေပေးသွားပါတဲ့ လေ.. ..မိခင်တပ်မှာ ၁ နှစ်ကျော်လောက်နေခဲ့တဲ့ အချိန်လေး ..ကိုပိုင်ချိန်ဆိုတာ ဘာလဲ ဘယ်လဲ လို့ပြန်မေးရမလို
.......................................................................................................................Exam
viva ခန်းထဲ
က ပုံ ရိပ်တွေ ........professor
က မေးတယ် ....ပထမစာကြောင်းမေးထဲ က အ သွားတယ်
ဘာပြန်ပြောရမှန်းမသိ.....ကျွန်တော်တို့ နောက်တနေ့ မ ပြန်ဖြေမယ် ဘယ်ချိန်အားမလဲ ဆရာ
........မကျေညက် ခဲ့ တဲ့ ၀ိုးတို့ဝါးတား programming .C,C++,Assembly .PIC,PLC,Solidwork.
သင်တယ်ဆိုယုံပဲ သိခဲ့ တဲ့ matlab
,matcat, AutoCat လေးတော့
ဖိဖိစီးစီးသင်ခဲ့ လို့ သုံးဖြစ်ရုံ .....ရှေ့ မှာ နိုင်ငံခြား ကျောင်းသားမရှိ လို့မသွားချင် ဘူး တခြား major
လေးပေးပါ ပေါ့ …မရ ခု major
က robotic မင်းတို
့ နဲ့ အကိုက်ပဲ တဲ့ ...အစထဲ က ရေကုန်ရေ ကန်း ကြိတ်ရတော့ မယ်ဆို တာ
ထင်လိုက် ပါ ရဲ့ ....သင်လိုက် တဲ့  graph
..ဘာ control လုပ်လုပ် တွက်ထားတာ မကြည့် graph ပဲ ပြဆို တဲ့ ဆရာတွေ .....ဘယ်ကြည့် မတုန်း အဖြေ အကုန် ကလဲ
အဲ့ ဒီ graph ထဲ မှာ
ကို……….တစ်ခုတော့ တွေးမိရဲ့ ရွာကနွားလှည်းပဲ
နားအေးတယ် ဆိုပီး ...နှင်းထူတဲ့ မနက် ခပ်စောစောကျောင်း ကို ပြေး
ပြန်လာ မစားဖို့ ပြင် ...ကြာလာတော့ ထမင်းစားချိန် ၂ နပ်လောက် နဲ့ .ကျောင်းကပြန်ရောက် ညနေ
လေး ခွဲလောက် က မနက်စာ..................မကျေ
ခဲ့တဲ့ စာတွေ ရဲ့တကျော့ ပြန် ကြည့် ရတဲ့  အချိန်တွေ
......နောက်တစ်ဘာသာ ကျန်သေးတယ် ဘာတွေ မေးမလဲ ဆို တဲ့ အတွေး........အ၇င် ဘာသာတုန်းက
တော့ viva ခန်းထဲ
laptop လေးမဟိုပြေးဒီပြေး ၆ နာရီ လောက် ထိုင်ပီးမ လက်မှတ် ခဲ့တယ်
..... ဟင်းလေးအမြန်ချက် သူ့ ဆီ Ph ဆက် ပီးရင်
စာကြည့်  မယ်ဆို တဲ့ အတွေ
းလေး............................................................ ဘေးကတစ်ယောက်ကပုခုံးလာပုတ်ပီး
...မင်းတကိုယ်လုံးလဲ အေးစက်လို့ မင်းရပ်နေတာက ပြတင်းပေါက်ရှေ့....ဒီနေ့  အပြင် မှာ အအေးက _20
'C သေချင်လို့ လားတဲ့ ....ဟာခုမသတိရတယ် ငါ့ ဟင်းအိုးလေး ခြောက်ကပ်ပီးတူးနေပီ တထပ်လုံး ညှော်နံ့ တွေဖုံးနေ လို့ဝင်လာကြည့် တာ တဲ့ ...အေးကျေးဇူးပဲ
ကွာ လို့ ပြန်ပြော၇င်း.....ကို ဟာကိုတစ်ယောက်ထဲ ပြုံး ......သြော်
.ဟင်းတအိုးစာအတူး က လွန်ခဲ့ တဲ့ ၂၃ နှစ်အချိန် ။
No comments:
Post a Comment